ခန္တီး မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ အသက်(၉)လအရွယ် ကလေးများကို ဂျပန်ဦးနှောက်ရောင်(တစ်ကြိမ်)၊ ဝက်သက်-ဂျိုက်သိုး(ပထမအကြိမ်)ကိုလည်းကောင်း၊ အသက်(၁)နှစ်ခွဲအရွယ်ကလေးများကို ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)စတုတ္ထအကြိမ်ကိုလည်းကောင်း မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)