ခန္တီးမြို့နယ်၌ Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ခန္တီး မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများတွင် Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်တွင် Grade 5 ကျောင်းသား/သူ ၉၈၁ ဦးအနက် ၉၄၆ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ၃၅ ဦး ပျက်ကွက်ကာ Grade 9 တွင် စာရင်းရှိ ၇၀၃ ဦးအနက် ၆၇၄ ဦး ဝင်ရောက်ဖြေဆိုပြီး ၂၉ ဦး ပျက်ကွက်‌လျက်ရှိသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲမှာ မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ (၆)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)