ရွှေဘို မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ စာဖြေဌာနအသီးသီး၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ နှစ်ဆုံးစာမေးပွဲဖြေဆိုသူစုစုပေါင်း Grade-5 ကျောင်းသား/ကျောင်းသူ (၁၅၂၃)ဦး Grade-9 ကျောင်းသား/ကျောင်းသူ (၉၉၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)