ငပုတော မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲ ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့စစ်မှူထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်း ဗဟိုက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ အကြောင်းရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးပြန်တင်ပြလာမှုအပေါ် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌက ပြည်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)