တောင်ငူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

တောင်ငူ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) Grade-5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲစတင်ဖြေဆိုသည်။

တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Grade-5 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲဖြေဆိုလျက်ရှိရာ ယနေ့တွင် စာရင်းရှိ ကျား (၁၉၉၀) ဦး၊ မ (၂၀၇၀) ဦး၊ စုစုပေါင်းစာရင်းရှိ (၄၀၆၀) ဦး၊ ဖြေဆိုသူ ကျား (၁၈၆၂) ဦး၊ မ (၁၉၆၉) ဦး၊ စုစုပေါင်း (၃၈၃၁) ဦး ဖြေဆိုပြီး၊ ပျက်ကွက် ကျား (၁၂၈) ဦး၊ မ (၁၀၁) ဦး၊ စုစုပေါင်း ပျက်ကွက် (၂၂၉) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၃၆) ရာခိုင်နှုန်းရှိသည်။ Grade–9 နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲတွင် စာရင်းရှိ ကျား (၁၂၄၂) ဦး၊ မ (၁၅၈၇) ဦး၊ စုစုပေါင်းစာရင်းရှိ (၂၈၂၉) ဦး၊ ဖြေဆိုသူ ကျား (၁၁၇၂) ဦး၊ မ (၁၅၂၅) ဦး၊ စုစုပေါင်း (၂၆၉၇) ဦး ဖြေဆိုပြီး၊ ပျက်ကွက် ကျား (၇၀) ဦး၊ မ (၆၂) ဦး၊ စုစုပေါင်း ပျက်ကွက် (၁၃၂) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၃၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)