သံတောင်ကြီး မတ် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံမူလတန်းအဆင့် (Grade-5)နှင့် အခြခံပညာအလယ်တန်းအဆင့် (Grade-9) ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ဒုတိယ)နေ့ကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ (ဒုတိယ) နေ့၌ မြို့နယ်ရှိ အခြေခံပညာမူလတန်းအဆင့် (Grade-5) ဖြေဆိုရာတွင် စာစစ်ဌာန(၈)ခုမှ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၃၉၅) ဦး ဝင်ရောက်ဖြေဆိုကြပြီး အခြေခံပညာအလယ်တန်းဆင့် (Grade-9) ဖြေဆိုမှုမှ စာစစ်ဌာန (၃)ခု တွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၈၅) ဦးမှ ဝင်ရောက်ဖြဆိုခဲ့ကြကြောင်း သိရသည်။
နော်နော်မူ