ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသူ/ကျောင်းသားများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ဖြေဆို

ရေတာရှည် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အခြေခံပညာဉီးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 အတန်း နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ရေတာရှည်မြို့နယ်တွင်  စာစစ်ဌာန(၅၁)ခုရှိပြီး အခြေခံပညာ ကျောင်းပေါင်း(၂၃၄)ကျောင်းတွင် ဖြေဆိုသူစာရင်းရှိ (၆၁၄၂)ဉီးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၅၈၂၉)ဉီး၊ ပျက်ကွက်သူ(၃၁၃)ဉီး၊ ဖြေဆိုသူ(၉၅)ရာခိုင်နှုန်းရှိကြောင်းနှင့် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ  ၈  ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

မြို့နယ်(ပြန်/ဆက်)