ရွှေတောင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ရွှေတောင် မတ် ၄

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းကို ရွှေတောင်မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ရွှေတောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်နုနုဖြိုးက သင်တန်းများဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 

နွေရာသီအခြေခံအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ အေးရိုးဗစ် (Physical Fitness Dance)အားကစားနည်း(၅)မျိုးကို မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတို့တွင်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၉)ဦးတို့က မတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ သင်ကြားပေးသွားမည်ဖြစ်သည်။အဆိုပါ နွေရာသီအားကစားသင်တန်းသို့ ရွှေတောင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ(၁၈၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)