ရွှေတောင် မတ် ၄
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက ဒုတိယနေ့အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade-5 ကို မြို့နယ်အတွင်း စာစစ်ဌာန(၁၉)ခု၌ ဖြေဆိုသူကျောင်းသား/ ကျောင်းသူ ၁၄၈၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ Grade-9 စာစစ်ဌာနမြို့နယ်အတွင်း စာစစ်ဌာန(၁၀)ခုတွင်လည်း ဖြေဆိုသူကျောင်းသား/ကျောင်းသူ ဖြေဆိုသူ ၁၁၃၇ ဦးဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Grade-9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)