ကျွန်းစု မတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်) နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်)နှစ်ဆုံးစာမေးပွဲ ကျင်းပလျက်ရှိရာ ယနေ့တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၆၂ ဦးရှိရာ ဖြေဆိုသူ ၁၁၇၇ ဦးရှိပြီး ပျက်ကွက်သူ ၈၅ ဦးနှင့် Grade-5 စာမေးပွဲတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၂၄ ဦး ရှိရာ ဖြေဆိုသူ ၂၈၉၆ ဦးရှိပြီး ပျက်ကွက်သူ ၂၂၈ ဦး ရှိသည်။
အဆိုပါစာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စီစဉ်ထားရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)