မြို့သစ် မတ်၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ၏ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက စတင်၍ မြန်မာစာဘာသာရပ်ကို သက်ဆိုင်ရာစာသင်ကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း(၁၉၂) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့် Grade-5တွင် ဖြေဆိုသူ(၃၀၇၁)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 တွင် ဖြေဆိုသူ(၂၁၁၈)ဦးရှိပြီး စုစုပေါင်းဖြေဆိုသူ ကျောင်းသား ကျောင်းသူ (၅၁၈၉)ဦးရှိပြီး မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)