မြို့သစ်မြို့၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်

မြို့သစ် မတ် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် အမဲသား၊ ဝက်သား၊ ဆိတ်သားဈေးနှုန်းများ သတ်မှတ်၍ အသားရောင်းချသည့်ဆိုင်ရာများတွင် ဗီနိုင်းပိုစတာဖြင့် ချိတ်ဆွဲထားရှိပြီး ဈေးတာဝန်ခံဝန်ထမ်းများက စဉ်ဆက်မပြတ် Hand Speaker ဖြင့် ကြေညာပေးလျက်ရှိပြီး ဒေသခံပြည်သူများ အမဲသား၊ ဝက်သားနှင့် ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)