တောင်တွင်းကြီး မတ် ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade - 5 ကို မြို့နယ်အတွင်း စာစစ်ဌာန(၆၆)ခု၌ စာရင်းရှိ ကျောင်းသား/ကျောင်းသူ ၄၂၄၇ ဦးရှိပြီး ဖြေဆိုသူ ၄၁၄၅ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ရာခိုင်နှုန်းရှိသည်။ Grade-9 ကို မြို့နယ်အတွင်း စာစစ်ဌာန(၃၇)ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၁၃၂ ဦးရှိပြီး ဖြေဆိုသူ ၃၀၄၂ ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Grade-9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)