သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

သနပ်ပင် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ပထမနေ့ (မြန်မာစာ) ဘာသာရပ်အား ယမန်နေ့နံနက် (၉) နာရီအချိန်တွင် သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade 5 နှင့် Grade -9 ကျောင်းသား/ကျောင်းသူများက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade- 5 တွင်စာမေးပွဲဖြေဆိုသူ ကျား (၁၅၇၈) ဦး၊ မ (၁၄၈၇) ဦး စုစုပေါင်း (၃၀၆၅) ဦးနှင့် အလယ်တန်းအဆင့် Grade-9 တွင်ဖြေဆိုသူ ကျား (၁၀၅၄)၊ မ (၁၂၈၉) ဦး စုစုပေါင်း (၂၃၄၃) ဦးဝင်ရောက်ဖြေဆိုကျပြီး ယနေ့၌ နှစ်ဆုံးစာမေးပွဲပထမနေ့ (မြန်မာစာ) ဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)