ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပေါင်းတည် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade -5 နှင့် Grade -9 နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပထမနေ့မြန်မာစာဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade-5 ကို မြို့နယ်အတွင်း စာစစ်ဌာန ၂၀ ခု၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၃၈၁) ဦး၊ Grade -9 ကို စာစစ်ဌာန ၈ ခု၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၇၈၁) ဦးရှိကြောင်း သိရပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိလည်းကောင်း၊ Grade-9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိလည်းကောင်း ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

ရွှေသား