ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ကျောက်ကြီး မတ်လ ၄

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ပြီး အခြေခံပညာဦးစီးဌာန၏ စီစဥ်မှုဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ နှစ်ဆုံးစာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၄၃၈) ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၄၂၆) ဦး၊ ပျက်ကွက် (၁၂) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၂၆) ရှိပြီး၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲအား ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၂၄၃) ဦး၊ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ (၂၃၃) ဦး၊ ပျက်ကွက် (၁၀) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၈၈) ရှိကြောင်းနှင့် ယနေ့ မတ်လ ၃ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အဆိုပါ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုနေမှုအခြေအနေအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါပြီး စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနကျောင်းများအလိုက် လုံခြုံရေးထားရှိသည့် အခြေအနေ၊ မီးဘေးအန္တရာယ်၊ စာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)