ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်

ဖြူး မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြန်မာကဗျာရေးစပ်နည်းအခြေခံကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံကဗျာရေးစပ်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ရှေးဦးစွာ ဦးကျော်ဆွေဝင်း(ရွှေအင်း) ဖြူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၅)ဦးအား (၃-၃-၂၀၂၅)ရက်နေ့မှ (၉-၃-၂၀၂၅)ရက်နေ့ထိ နံနက်(၉)နာရီမှ (၁၂)နာရီအချိန်အတွင်း သင်တန်းကာလ (၇)ရက်တာ အခြေခံကဗျာရေးစပ်နည်းများကို မြို့နယ်စာရေးဆရာအသင်း နည်း​ပြဆရာများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)