ဂန့်ဂေါ မတ် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ စာဖြေဌာန (၁၉) ခုတွင် Grade-5 ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၄၉၁)ဦး၊ ဖြေဆို (၄၇၃)ဦး၊ ပျက်ကွက် (၁၈)ဦးနှင့် Grade-9 ကျောင်းသား/ကျောင်းသူ စာရင်းရှိ (၄၀၇)ဦး၊ ဖြေဆို (၃၉၂)ဦး၊ ပျက်ကွက် (၁၅)ဦးရှိကာ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ ပထမနေ့ဖြေဆိုမှုများကို တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မိုးဟန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)