လဟယ် မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်ပြီး သင်္ချာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဌာနရုပ် သံ-၃ ဒေါ်ခမ်းမွန် ကပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့်ပြိုင် ပွဲစည်းမျဉ်းစည်းကမ်းများပတ်သက်၍ ရှင်းလင်းပါသည်။ ထို့နောက် ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ရာ သင်္ချာစာစွမ်းရည်ပြိုင်ပွဲဝင် (၈) ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် (၇) ဦးနှင့် ပန်းချီပြိုင်ပွဲဝင် (၁၈) ဦးစုစုပေါင်း (၃၃) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လူငယ်များစာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်ပြည့်ဝစေရေးခေါင်းစဉ်ဖြင့် မြို့နယ်ပြန်/ဆက်ရုပ်သံ-၃ ဒေါ်ခမ်းမွန်က အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)