ရွှေတောင် မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၄၆) ဦး ဖြေဆိုခွင့်လျှောက်လွှာများတင်သွင်းထားကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို စာစစ်ဌာန (၄) ခုဖြစ်သည့် အ.ထ.က (ရွှေတောင်)၊ အ.ထ.က (ကြာနီကန်)၊ အ.ထ.က (ယင်းမူကုန်း)၊ အ.ထ.က (ကျီးသဲ)၊ စာစစ်ဌာနတို့တွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် အပြင်ဖြေကျောင်းသား၊ ကျောင်းသူ (၆၄၆) ဦး ဝင်ရောက်ဖြေဆိုရန် ဖြေခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုမည့်စာစစ်ဌာနကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)