စစ်ကိုင်းမြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

စစ်ကိုင်း မတ် ၃

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးယဉ်မင်းအောင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီပညာရပ်ကို အခြေခံမှစ၍ စနစ်တကျသင်ယူလေ့လာပြီး ပန်းချီပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အထိ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် ငယ်စဉ်ကတည်းက တီထွင်ဖန်တီးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီပညာရှင် ဦးထွန်းဦးက သင်တန်းတွင် သင်ကြားပေးမည့် ပန်းချီရေးဆွဲနည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းကို မတ်လ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ အခြေခံပန်းချီရေးဆွဲနည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ဆက်)