ရွှေဘိုခရိုင်ရုံး (Community Centre)ခန်းမ၌ ကွန်ပျူတာပန်းချီ၊ လက်​ရေးပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကျင်းပ

​​ရွှေဘို ​မတ် ၂

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ​နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကိုယ်ရည်ကိုယ်​သွေးမြင့်မားလာ​စေရန်၊ မိမိဝါသနာပါရာဘာသာရပ်များကိုစနစ်တကျ​လေ့လာနိုင်​စေရန်၊ ကျောင်းစာပြင်ပအသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာပန်းချီ၊ လက်ရေးပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့​ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်​အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးနှင့် ထူးချွန်ထက်မြက်သောလူငယ်များပေါ်ထွန်းလာစေရန် အခမဲ့သင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း​ ပြောကြားခဲ့သည်။

အဆိုပါ ကွန်ပျူတာပန်းချီ၊ လက်​ရေးပန်းချီသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ​လေးများတက်​ရောက်ခဲ့ပြီး၊ မတ်လ ၁ ရက်​နေ့မှစတင်၍ (၁)လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်