ဇလွန် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနည်း (၇)မျိုးအား (၃-၃-၂၀၂၅)ရက်နေ့မှ (၃- ၄-၂၀၂၅)ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းလုံး၊ ကရာတေး၊ အေရိုးဗစ်သင်တန်းများကို မတ်လ(၃)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတွင် အားကစားသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ဆက်သွယ်စာရင်းပေးသွင်း၍ အခမဲ့ သင်တန်းတက်ရောက်နိုင်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)