စစ်ကိုင်းမြို့တွင် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်း မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး အလုပ်သမာညွှန်ကြားရေးဦးစီးဌာနနှင့်ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) ရထားစက်မှုသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၈) ရက်၊ နံနက်ပိုင်းက ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) အထွေထွေမန်နေဂျာ ဦးအောင်ကျော်နိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းကို ဒေသအတွက် အကျိုးရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်ကဏ္ဍမှာ မရှိမဖြစ်လိုအပ်သလို ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်လည်း လိုအပ်သည့်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သော နည်းပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချပြီး MSME  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဦးစီး အရာရှိ၊ ဦးသန်းထွန်းအောင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ဖေဖော်ဝါရီလ (၃) ရက် ရက်နေ့မှ (၂၈) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)