ကျွန်းလှ မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များဖြစ်ပွားတတ်သည့် ရောဂါများကာကွယ်ရန်အတွက် ယနေ့နံနက် ၉ နာရီက ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက အသက်တစ်နှစ်ခွဲအောက်ကလေးများအား ဆေးမထိုးမီ ဆေးထိုးမှတ်တမ်းရေးသွင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။
ထို့အပြင် ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ