ကျိုက်လတ် မတ်၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယနေ့နေ့လယ်ပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးကြပ်မတ်စိစစ် စစ်ဆေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်/မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး လေးမြို့နယ်သို့ အမ်ဗွီ-အောင်တက်တိုး ရေယာဉ်ဖြင့် ဧည့်မထဆန်အိတ်(၉၀၀၀)အိတ် သယ်ယူပို့ဆောင်မှုအား စစ်ဆေးခဲ့ပြီး၊ လိုင်စင်ရှိမရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဆောင်ရွက်ရန်၊ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ ရေယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကြပ်မတ်စိစစ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)