ငပုတောမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ငပုတော ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်မြင့်မြင့်စန်းနှင့် တာဝန်ရှိသူများက ယနေ့‌နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။ 

ငပုတောမြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထားသော Packing ဖြင့်ရောင်းချသော Meizan ၊ အမေထွားဆီများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဦးစီးဌာနမှ ထုတ်ပြန်ထားသော  စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်မှုရှိပြီး အခြားစည်းမျဉ်း၊ စည်းကမ်းများနှင့်မကိုက်ညီသော စားသုံးဆီများ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မရှိသော စာသုံးဆီများအား ဖြန့်ဖြူးသိုလှောင်ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)