ချောင်းသာ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ကလေးငယ်များ ပိုလီယိုရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါ ကင်းဝေးစေရန်ရည်ရွယ်၍ နေ့နံနက်ပိုင်းမှစ၍ ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ဦးထွန်းအောင်ကို (ကျန်းမာရေးကြီးကြပ်-၁) ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် (၂) လမှ (၅၉) လအထိ ကလေးငယ်များအား စာရင်းရေးသွင်းပြီး ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေး တိုက်ကျွေးခဲ့ကြကြောင်းသိရသည်။
ချောင်းသာမြို့၌ အသက် (၂) လမှ (၅၉)လအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နှင့် မတ်လအတွင်း ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေးကို တစ်လခြား၍ (၂) ကြိမ် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ချောင်းသာမြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ချောင်းသာ (ပြန်/ဆက်)