ကသာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာရပ်ကို ဆက်လက်ဖြေဆို

ကသာ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၏ (Grade-10, Grade-11 နှင့် Grade-12)အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၁၉၅၇)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၉၄၀)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ ကျောင်းသူ (၁၇)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၉ ဒသမ ၁၃)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အခြေခံပညာကျောင်းများအတွက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ (Grade-10, Grade-11 နှင့် Grade-12)အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)