ကော့ကရိတ်မြို့တွင် မိမိတို့နေအိမ်ခြံဝန်းမြေကွက်လပ်များ၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများ ရရှိ

ကော့ကရိတ် ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၃) ရပ်ကွက်တွင် မိမိတို့နေအိမ်ခြံဝန်းမြေကွက်လပ်များ၌ အရင်းအနှီးနည်း၍ ရာသီမရွေး စိုက်ပျိုးနိုင်သော ငှက်ပျောပင်များကို စိုက်ပျိုးထားခြင်းအားဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ပျိုးသူထံမှ သိရသည်။

စိုက်ပျိုးထားသော ငှက်ပျောအမျိုးအစားများမှာ ငှက်ပျောချဉ်၊ ဖီးကြမ်း၊ သူငယ်စာ၊ ရခိုင်ငှက်ပျောတို့ဖြစ်ပြီး ထွက်ရှိလာ‌သော ငှက်ပျောဖူး၊ ငှက်ပျောသီးများကို မိမိတို့စားသုံးခြင်း၊ ဈေးတွင်ရောင်းချခြင်း၊ ဖောက်သည်ပေးခြင်းအပြင် ငှက်ပျောအပင်ကိုလည်း မုန့်ဟင်းခါး ချက်ရောင်းရာတွင် အသုံးပြုကြောင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့်အတွက် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး အပိုဝင်ငွေများတိုးပွား၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)