တောင်ငူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ အခုရေ (၃၅၀၀)  အခမဲ့ဖြန့်ဝေ

တောင်ငူ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအား အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပသို့သွားလာရာ၌  နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်း စေရေးအတွက် မြို့နယ်လူငယ်ရေးရာကော်မတီဝင်များနှင့် မြို့ခံလူငယ်များပူးပေါင်းကာ  ယနေ့နံနက်ပိုင်းက အဝတ်နှာခေါင်းစည်း ( ၅၀၀)အပါအဝင် ပါးစပ်နှင့်နှာခေါင်းစည်း အခုရေ (၃၅၀၀)ကို  အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ်အတွင်း လမ်းဆုံလမ်းခွနေရာများ၊ ဗိုလ်မှူး ဖိုးကွန်းလမ်း ၊  မုခ်ဦး အဝင် ၊ မုခ်ဦးအထွက် နေရာများတွင် နေအိမ်ပြင်ပ ထွက်ခွာကြသူများနှင့် စျေးရောင်း စျေးဝယ်ပြုလုပ်ကြသည့်   နှာခေါင်းစည်းမျ စနစ်တကျ တပ်ဆင်သွားမှုရှိစေရေး အသိပေးနှိုးဆော်ချက်များ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဇော်ထက်(တောင်ငူ)