ဘိုကလေး ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ မီးလောင်မှုများဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် သင့်(၄)သင့်ဖြစ် အသင့်ရှိစေရေး ဖေဖော်ဝါရီ(၂၆)ရက်နေ့ ညနေပိုင်း၌ ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ မီးသတ်ရေကန်တွင် ရေစိုလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်၏ ကြီးကြပ်မှုဖြင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ပိုက်များ၊ မီးသတ်ရေယာဉ်များအသုံးပြုကာ ရေစိုမီးငြှိမ်းသတ်နည်း လေ့ကျင့်မှုများအား စနစ်တကျလေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)