ကျွန်းလှ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ ရောဂါဘယကင်းဝေးစေရန်အတွက် ဆုံဆို့၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာတန်ရှိသူများက အသက် ၅ နှစ်မှ ၇ နှစ်ထိ ကလေးများအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)