ကန့်ဘလူ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သော အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးလူနာ၊ သားဖွားမီးယပ်လူနာနှင့် အထွေထွေရောဂါလူနာများကို စတုတ္ထနေ့အဖြစ် ယမန်နေ့ ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသခြင်းများ လွယ်ကူအဆင်ပြေစေရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ဦးဆောင်ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြသည်။
အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့်အထူးကု ကွင်းဆင်းကုသခြင်းအနေဖြင့် ယနေ့တွင် မျက်စိ စမ်းသပ်လူနာ ၇၆၀ ဦး၊ မျက်စိခွဲစိတ်ကုသလူနာ ၅၆ ဦး၊ သားဖွားမီးယပ်လူနာ ၆၀ ဦး၊ ကလေးလူ နာ ၆၃ ဦးနှင့် အထွေထွေရောဂါ လူနာ ၁၆၅ ဦး စုစုပေါင်း ၁၁၀၄ ဦးတို့အား စမ်းသပ် စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)