ဒေးဒရဲမြို့၌ ​မူလတန်းကြိုကလေးများ၏ ကာယ၊ ဥာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲများနှင့် အာဟာရများကျွေးမွေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍  မြို့နယ်အတွင်းရှိ ကလေးများ ကာယ၊ ဥာဏ ဖွံဖြိုးတိုးတက်စေရေးရည်ရွယ်၍ မူလတန်းကြိုကလေးများ၏ ကာယ၊ ဥာဏဘက်စုံ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီက အမှတ် (၃) မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်သင်းသင်းမွန်က မြို့နယ်အတွင်းရှိ ကလေးများ ကာယ၊ ဥာဏဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မူလတန်းအဆင့် ကာယ၊ ဥာဏပြိုင်ပွဲများအား ကျင်းပပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်းနှင့် အမှတ် (၃) မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက အာဟာရမုန့်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)