အိမ်မဲ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား/သူ (၁၂၀၆ )ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အိမ်မဲမြို့နယ်တွင် ယမန်နှစ်က အ.ထ.က-၁ စာစစ်ဌာန၊ အ.ထ.က-၂ စာစစ်ဌာန၊ အ.ထ.က လူကောင်းကျွန်းစာစစ်ဌာန၊ အ.ထ.က တကူဆိပ်စာစစ်ဌာန၊ အ.ထ.က ဘုရားကြီးကုန်းစာစစ်ဌာန၊ အ.ထ.က ရွာသစ်စာစစ်ဌာန၊ အ.ထ.က ကြို့ကုန်းစာစစ်ဌာန၊ အ.ထ.က ဝါးတလုပ်ကမ်းနီစာစစ်ဌာနစသည့် စာစစ်ဌာန(၈)ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပခဲ့ပြီး ယခုနှစ်တွင် အဆိုပါစာစစ်ဌာနများအပြင် အ.ထ.က ကျုံတလုတ်စာစစ်ဌာန၊ အ.ထ.က ကြခတ်ကွေ့ စာစစ်ဌာနနှစ်ခု ထပ်တိုး၍ စာစစ်ဌာန (၁၀)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာစစ်ဌာန (၁၀)ခုတွင် STEAMS-1၊ STEAMS-2 ၊ STAMS- 1 ဘာသာရပ်များ၌ အတွင်းဖြေ (၁၁၃၉)ဦး၊ အပြင်ဖြေ (၆၇)ဦး စုစုပေါင်း (၁၂၀၆)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)