ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့်အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်တင်တို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူ (၃၄၇၄) ဦးအတွက် တစ်ဦးလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကားများ အသီးသီးရှင်းလင်းပြောကြားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပံ့ပိုးငွေပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)