မြို့သစ် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန် အမှတ်တံဆိပ်များအား ကျောင်းသား/ကျောင်းသူများ သိရှိနားလည်း သဘောပေါက်စေရန်အတွက် အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို မြို့သစ်မြို့နယ်၊ ကိုရံ(တ)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ယမန်နေ့က သွားရောက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စားသောက်ကုန်ပစ္စည်းများအကြောင်းကိုလည်းကောင်း၊ FDA က စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်များအကြောင်းနှင့် စားသောက်ကုန်လုပ်ငန်းရှင်များမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးနှင့် သတ်မှတ်ကာလပေါက် ဈေးထက်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မြို့သစ်မြို့နယ်၊ သီးပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၅၀) ဦးခန့်တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)