သာပေါင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ယနေ့ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ ပုဇွန်ထူချောင်း တူးဖော်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က အောင်တပ်ကျေးရွာအုပ်စုရှိ ပုဇွန်ထူချောင်း အလျား(၆၀၀’)ပေ၊ထိပ်ဝအကျယ်(၁၈’)ပေ၊အောက်ခြေ အကျယ်(၄’)ပေ၊ပျမ်းမျှအနက် (၇’)ပေ တူးဖော်နေမှုအခြေအနေအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြည့်ရှုစစ်ဆေးပြီး မြောင်းတူးဖော်ပြီးပါက နွေစပါး အချိန်မီစိုက်ပျိုးရေး၊ တစ်သီးမှ နှစ်သီးစိုက်ပျိုးရေး၊ အထွက်ကောင်းမျိုး စိုက်ပျိုးရေး၊ ကောက်ရိုးများ မီးမရှို့ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး