အောင်လံ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်း(ခွဲ)၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအပါအဝင် အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အာကာ(ပြန်/ဆက်)