အောင်လံမြို့၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်

အောင်လံ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟုသုတကြွယ်ဝစေရန်အတွက်ရည်ရွယ်၍ အောင်လံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်လံမြို့နယ်ရုံးမှ နွေရာသီအခြေခံပန်းချီ သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီပညာရှင် ဦးမြင့်လွင်က ပန်းချီပညာနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီသင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၁၅)ဦးကျော် တက်ရောက်ခဲ့ပြီး အဆိုပါနွေရာသီပန်းချီသင်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)