ဇလွန်မြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

ဇလွန် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ထောက်ပံ့‌‌ငွေများ‌ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ဇလွန်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူ(၇၉)ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သိန်း (၁၅၈၀၀၀၀ )ကို  နေရပ်စွန့်ခွာပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)