ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းက ကျေးရွာများအရောက် ဆီများလှည့်လည်ရောင်းချပေး

ငပုတော ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ် ားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယမန်နေ့က စမ်းစဉ့်အိုးဖို ကျေးရွာအုပ်စု အရောက်ဆီများလှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများ စားအုန်းဆီများကို ဈေးနှုန်သက်သာစွာအလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများက Mobile စနစ်ဖြင့် ကျေးရွာများအရောက်လှည့်လည်ရောင်းချပေးခြင်းဖြစ်ပြီး ဆီတစ်ပိဿာလျှင် (၈၂၀၀)ကျပ်‌ဈေးနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ၁ ပိဿာ ၅၀ ကျပ်သား ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဆီပိဿာချိန် (၅၅၀)ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)