ငပုတော ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်စားသုံသူဖူလုံမှုရရှိနိုင်ရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ (မိုးကြို)နွေနှမ်း (စမ်းသပ်)စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်တောင်သူ ဦးအေးဝင်း၊ စဉ့်အိုးဖိုကွင်းအမှတ် ၁၃၈၈ဦးပိုင်အမှတ် (၁၇/၄)၏ လယ်မြေဧက (၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စိုက်ပျိုးပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆင်းရတနာ (၂)ဧက၊ ဆင်းရတနာ (၂)ဧက၊ စမုန်နက် (၁)ဧကတို့အား စမ်းသပ်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)