ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

ညောင်တုန်း ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယနေ့ နံနက်ပိုင်းက အရွှဲကျေးရွာရှိ ရွှေဝါနဒီဆန်စက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ရည်ရွယ်ချက်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများ နှင့်မီးသတ်ဆေးဘူးသုံးစွဲနည်းများကို ရှင်းလင်းပြောကြား၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံဝန်ထမ်းများတို့နှင့်အတူ  မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)