ကြံခင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူ ၂၁၆ ဦးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကြံခင်း    ဖေဖော်ဝါရီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်က ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊​ တာဝန်ရှိသူများက ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ၁၉ အုပ်စုသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့်အိမ်ထောင်စု ၈၃ စု၊  ပြည်သူ(၁၈၀)ဦး၊ ဝန်ထမ်း(၁၄)ဦး၊ ဝန်ထမ်းမိသားစုဝင်(၂၂)ဦး စုစုပေါင်း (၂၁၆)ဦး  ဦးတို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၄,၃၂၀,၀၀၀)ကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြည်သူများအား ထောက်ပံ့ငွေထုတ်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)