ကနောင်မြို့ "အဓိပတိ" စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်

မြန်အောင်   ဖေဖော်ဝါရီ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့ "အဓိပတိ" စက်သုံးဆီအရောင်းဆိုင်တွင် ယမန်နေ့နံနက်က  မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းတို့အား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကနောင်မြို့ "အဓိပတိ" စက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးဦးဆောင်၍ မြို့နယ်/နယ်မြေရှိသန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊‌ ကနောင်မြို့အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ ကနောင်ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတို့ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)