မအူပင်မြို့၌ မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိယာဓိက စာမေးပွဲကျင်းပ

မအူပင် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၄၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီးကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက် မြို့လယ်ကျောင်းတိုက်ရှိ မဟာအတုလသကျသီဟချမ်းသာကြီးဘုရား တန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဦးသောဘဏ(ဝိနယဓရ)နှင့် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီး၏ အကျိုးတော်ဆောင် ဆရာတော်ဦးဝိစိတ္တတို့မှ စာမေးပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ကြားပြီး မြို့နယ်အတွင်းရှိ သုဓမ္မာစာသင်တိုက်များမှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများမှ ရေးဖြေစာမေးပွဲနှင့် ပါဠိ-အနက် အာဂုံပြန်စာမေးပွဲအား ဖြေဆိုခဲ့ကြသည်။

အဆိုပါ ဝိနယာဓိကစာမေးပွဲကြီးအား တပို့တွဲလပြည့်ကျော် (၈)ရက်မှ (၁၂)ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာဖြေသံဃာပထမကြီးတန်း (၅)ပါး၊ ပထမလတ်တန်း (၁၃)ပါး၊ ပထမငယ်တန်း (၄၆)ပါး၊ အခြေပြုမူလတန်း (၆၅)ပါး၊ ဘိက္ခူမူလတန်း (၃၁)ပါးနှင့် ရှင်သာမ‌ဏေ(အာဂုံ)တန်း (၁၂၅)ပါး၊ စုစုပေါင်း (၂၇၆)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)