ချောင်းသာ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် လူနေအိမ်၊ သာသနိကအဆောက်အအုံ၊ စာသင်ကျောင်းများနှင့်အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချောင်းသာမြို့နယ်မြေခံမီးသတ်စခန်းမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ စာသင်ကျောင်းများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ချောင်းသာမြို့ နယ်မြေခံမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးချစ်သဲမောင်ဦးဆောင်ပြီး သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့များက ကျောင်းများတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးများထားရှိမှု၊ ရေကန်များတွင် ရေဖြည့်တင်းထားရှိမှု စသည့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)