မြန်အောင် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အင်ပင်မြို့ အမှတ်(၁) ရပ်ကွက် ကြံခင်း-မြန်အောင်-ဟင်္သာတလမ်းမကြီးနှင့် အင်ပင်မြို့မလမ်းဒေါင့်တွင် ယမန်နေ့ နံနက်က "သင့်ကြောင့်မီးမလောင်ပါစေနှင့်" မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေး ဆိုင်းဘုတ် ပိုစတာစိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ "သင့်ကြောင့်မီးမလောင်ပါစေနှင့်" ဆိုင်းဘုတ်ပိုစတာစိုက်ထူပွဲအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်မောင်ထွေးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အင်ပင်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်နှင့်အဖွဲ့များ၊ အင်ပင်နယ်မြေရဲစခန်းမှစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အင်ပင်စျေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့လျှပ်စစ်ဌာနဝန်ထမ်းများ၊ အင်ပင်မြို့နေ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)